၁၄.၉.၂၀၂၃ နေ့ရက်တွင် New Myanmar Foundation မှ ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်းကျင်သန့်ပြန့်မှုအားနည်းသော နေရာတချို့၌ နေထိုင်နေရသော ထွက်ပြေးတိမ်းရှောင်နေရသည့် တက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူ လူထုထံသို့ သွားရောက်၍ အဝတ်အစားနှင့် ဆေးကုသမှုများကို ပေးခဲ့ပါသည်။
မိုးတွင်းကာလတွင် ဖြစ်ပွားလျက်ရှိသော ဖျားနာမှုများနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများအတွက် New Myanmar Foundat-ion ၏ တာဝန်ခံဆရာဝန် Dr. Moon မှ ကွင်းဆင်းကုသမှုပေးခဲ့ခြင်းဖြစ်ပြီး မိုးကာလတွင် လိုအပ်လျက်ရှိသော အဝတ်အစားများကိုလည်း ပေးအပ်ခဲ့ပါသည်။





