အီရန်နိုင်ငံမှ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ 𝐌𝐫𝐬. 𝐍𝐚𝐫𝐠𝐞𝐬 𝐌𝐨𝐡𝐚𝐦𝐦𝐚𝐝𝐢 ကို (၂၀၂၃) ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ်ရွေးချယ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်းသဝဏ်လွှာ

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်။

အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုများကြောင့် ထောင်ဒဏ် (၁၂) နှစ်ကျခံနေရသော အီရန်နိုင်ငံသူ Mrs. Narges Mohammadi အား (၂၀၂၃) ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ခြင်းနှင့်ပတ်သတ်၍ မိမိတို့အပါအဝင်မြန်မာပြည်သူပြည် သားများမှ နှစ်ထောင်းအားရ ဝမ်းသာဂုဏ်ယူပါသည်။ ဤကဲ့သို့ချီးမြှင့်ခြင်းသည် ထိုအမျိုးသမီးတစ်ဦးတည်းကိုသာမက အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများအပါအဝင် ကမ္ဘာပေါ်ရှိပုဂ္ဂိုလ်များအားလုံးကိုအ သိအမှတ်ပြုခြင်း ဖြစ်ပါသည်။

အလားတူပင် (၁၉၉၁) ခုနှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် ဒီမိုက‌ရေစီအရေးအတွက် တိုက်ပွဲဝင်လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုကဲ့သို့ အပ်နှင်းခြင်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူများကို အကာအကွယ်များစွာ ပေးရာရောက်ပါသည်။

အမျိုးသမီးအခွင့်အရေးအပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအားလုံးသည် ကမ္ဘာတဝန်းလုံးရှိ လူသားတိုင်း ခံစားသင့်ခံစားထိုက်သောအခွင့်အရေးများဖြစ်ပါသည်။ ထို့အပြင်အမျိုးသမီးများ၏ အခွင့်အရေး၊ ကျားမတန်းတူရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို လုံးဝပပျောက်ရေးတို့သည် ကမ္ဘာပေါ်တွင်မရှိမဖြစ် လိုအပ်ပါသည်။ သို့ဖြစ်သောကြောင့် မိမိတို့ ပြည်သူများအနေဖြင့် အဆိုပါ အမျိုးသမီးအခွင့်အရေးများ ရရှိကျင့်သုံးနိုင်သည်အထိ တိုက်ပွဲဝင်သွားရမည်ဖြစ်ပါသည်။

ယခုစစ်အုပ်ချုပ်ရေးအောက်တွင် မြန်မာအမျိုးသမီးများသည် လူ့အခွင့်အရေးများနှင့် အမျိုးသမီးအခွင့်အရေးများကို လုံးဝဆုံးရှုံးနေပါ သည်။ မြန်မာပြည်ရှိ အမျိုးသမီးများစွာမှာ လက်နက်အားကိုးနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ အဓ္ဓမပြုကျင့်မှုများနှင့် မတရားသတ်ဖြတ်မှုများကို ခံစားနေကြရပါသည်။ မိမိတို့အနေဖြင့် အမျိုးသမီးများအပေါ် ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်စွာရှုံ့ချပြီး တရားဥပ‌ဒေအရ အရေးယူနိုင်သည်အထိ ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ပါသည်။

အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသောသူများကို ငြိမ်းချမ်းရေးဆုများ ချီးမြှင့်ခြင်းသည် အလွန်တ ရာထိရောက်သော အားပေးကူညီမှုဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဆုတ်မနစ်ဆက်လက် ကြိုး ပမ်းသွားပါမည်။ ထိုသို့ကြိုးပမ်းရာတွင် အဓိကအဟန့်အတားဖြစ်သည့် စစ်အာဏာရှင်ကို တွန်းလှန်ဖယ်ရှားသွားပြီး ဒီမိုကရေစီနှင့် အ မျိုးသမီးများ၏ အခွင့်အရေးအပါအဝင် လူ့အခွင့်အရေးများအားလုံးကို အာမခံသည့်ဖက်ဒရယ်ပြည်ထောင်စုကို မြန်မာပြည်သူအားလုံးနှင့်အတူတူ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားပါမည်။

နိဂုံးချုပ်အနေဖြင့် အမျိုးသမီးအခွင့်အရေးအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြန်မာပြည်တွင်ထွန်းကားရေးအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုပါသည်။ ထိုကဲ့သို့တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသောအာ ဇာနည်ပုဂ္ဂိုလ်များ အားလုံးကိုလည်း အလေးပြုအပ်ပါသည်။ ပြည်သူများအားလုံး ကြောက်ရွံ့မှုများမှ ကင်းဝေးပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့် ကျားမတန်းတူ အခွင့်အရေးရရှိနိုင်‌ရေးအတွက် မိမိတို့အပါအဝင် မြန်မာပြည်သူများအားလုံးမှ ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းကို ထပ်လောင်းပြောကြားအပ်ပါသည်။

NEW MYANMAR FOUNDATION

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!