မယ်ကုရှိ စက်ရုံတစ်ရုံတွင် ပွိုင့်စားမဟုတ်ဘဲ နေ့စားဖြင့်အလုပ်လုပ်ရန် မိန်းကလေး ဝန်ထမ်း များ အလုပ်ခေါ်ရန် ရှိပါသည်။

(စက်ရုံမှ နေစရာမစီစဉ်ပေးပါ။ မိမိ အစီအစဉ်ဖြင့်သာ အပြင်တွင် အိမ်ဌားနေရမည်။)

ပုံမှန်အလုပ်ချိန် – တစ်ပတ်လျှင် (၆) ရက် ၊ မနက် (၈)နာရီ မှ ညနေ (၅)နာရီထိ။

အလုပ်ပိတ်ရက် – တနင်္ဂနွေ။

တစ်နေ့လုပ်အားခ – ထိုင်းဘတ် (၃၃၂) ဘတ်။

အချိန်ပိုကြေး – တစ်နာရီလျှင် ထိုင်းဘတ် (၆၂) ဘတ်။

စက်ရုံသို့ ဝင်ရန် လိုအပ်ချက်များ

(၁)။ မှတ်ပုံတင်မူရင်း။

(၂)။ သန်းခေါင်စာရင်း မိတ္တူ။

(၃)။ စက်ရုံ၌ အလုပ်လုပ်ရန် ပန်းရောင်ကဒ် ပြုလုပ်ရန် လိုအပ်ပါသည်။ ပန်းရောင်ကဒ်ကုန်ကျစရိတ်အား စက်ရုံ၏ စည်းကမ်းအတိုင်း ဝန်ထမ်းမှ ပေးသွင်းရပါမည်။

(၄)။ အလုပ်ဝင်ကြေး (စမတ်ကြေး) ထိုင်းဘတ်(၁,၅၀၀) ဘတ်ကိုလည်း ဝန်ထမ်းမှ ပေးသွင်းရပါမည်။

(၅)။ အခြေခံ စက်ချုပ်တတ်ရန် လိုအပ်ပါသည်။

ထိုစက်ရုံတွင် အလုပ်ဝင်နိုင်ရန် New Myanmar Foundation ၏ အပ်ချုပ်စက် သင်တန်းနေရာတွင် အခြေခံစက်ချုပ်ပညာတက်ပြီးသူများအား နိုဝင်ဘာ (၆)ရက်နေ့မှ (၁၅)ရက်နေ့အထိ အကြိုအပို့၊နေစားရိတ်ငြိမ်း (၁၀)ရက်ကြာ မွမ်းမံသင်တန်းပေးရန် ရှိပါသည်။ (မိန်းကလေးများသာ လက်ခံပါမည်။)

မွမ်းမံသင်တန်းတက်ရန် လိုအပ်ချက်များ

၁။ သင်တန်းကာလ (၁၀) ရက်အတွင်း သင်တန်းကျောင်းတွင် ကျောင်းအိပ်၊ကျောင်းစားနေထိုင်ရမည်။ (လိုအပ်သော တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ ယူလာပါရန်။)

၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။

၃။ သင်တန်းအချိန်ကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၄။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့် ကိစ္စ ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက်တောင်းခံရမည်။

၅။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ကူးစက်ရောဂါရှိသူ မဖြစ်ရပါ)

၆။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦး လူမျိုး/ကိုးကွယ်ရာဘာသာ/ အသားအရောင်/ ဆင်းရဲချမ်းသာ/ အဆင့်အတန်းမည်သည့်ခွဲခြားဆက်ဆံခြင်းမျိုးမရှိစေဘဲ ကျေးပျူငှာစွာဆက်ဆံရမည်။ ခိုက်ရန်ဖြစ်ပွားခြင်းလုံးဝမပြုလုပ်ရပါ။

၇။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ။ ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။

၈။ သင်တန်းတက်ရောက်မည့်သူများသည် လုံခြုံရေးအရ အနည်းဆုံး ရဲကဒ်ရှိရမည်ဖြစ်သည်။

၉။ သင်တန်းမတက်ရောက်မီ သင်တန်းဆရာမ မှ လျှောက်ထားသူများအား အစမ်းချုပ်စစ်ဆေးပြီး အောင်မြင်မှသာ လက်ခံ သင်ကြား ပေးမည်ဖြစ်ပါသည်။

၁၀။ ရွေးချယ်ခံရသော သင်တန်းသူများသည် မွမ်းမံသင်တန်းပြီးပါက စက်ရုံသို့ ချွင်းချက်မရှိ မဖြစ်မနေဝင်ရန် လိုအပ်ပါသည်။ ထို့အတွက် သင်တန်းမစမီ အလုပ်ဝင်မည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။

စိတ်ဝင်စားသည့် သင်တန်းသူများသည် သင်တန်းတာဝန်ခံ ဒေါ်ငွေနှင်း – ဖုန်းနံပါတ် +၆၆ ၉၄၃၁၇၅၇၁၂ သို့ Signal မှ ဖြစ်စေ၊ တိုက်ရိုက်ဖုန်းဖြင့် ဖြစ်စေ နိုဝင်ဘာလ(၅)ရက်နေ့အထိ စာရင်း ပေးသွင်းနိုင်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!