NEW MYANMAR FOUNDATION ၏ ရုံးတွင် (တစ်ပတ် (၃) ရက်)၊ တစ်ရက်လျှင် (၃) နာရီ တာဝန်ထမ်းဆောင်နိုင်မည့် ထိုင်းဘာသာစကား ကျွမ်းကျင်စွာ ရေးသား/ပြောဆိုနိုင်သည့် ထိုင်းစကားပြန်တစ်ဦးအတွက် လျှောက်လွှာများခေါ်ယူနေပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ : ဇန်နဝါရီလ ၁၅ ရက် မှ ၂၅ ရက်နေ့ အထိ
လစာ : ၄,၀၀၀ ဘတ် – ၅,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ : အုပ်ချုပ်ရေးအရာရှိ (Admin Officer)
လုပ်ဆောင်ရမည့်တာ၀န်များ –
– ရုံးအဖွဲ့၏ ရုံးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ထိုင်းဘာသာမှ မြန်မာဘာသာ/မြန်မာဘာသာ မှ ထိုင်းဘာသာ သို့ ဘာသာပြန်ဆိုခြင်း/ စကားပြန်ဆိုပေးခြင်း တို့ ပြုလုပ်ပေးရမည်။
အရည်အချင်းလိုအပ်ချက်များ –
– ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာ ရေးသား/ ပြောဆိုနိုင်ရမည်။
– ထိုင်းဘာသာ မှ မြန်မာဘာသာ/ မြန်မာဘာသာ မှ ထိုင်းဘာသာ သို့ ကျွမ်းကျင်စွာ ဘာသာပြန်နိုင်သူ/ စကားပြန်နိုင်သူဖြစ်ရမည်။
– တစ်ပတ်လျှင် (၃) ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နံနက် ၉ နာရီ မှ ၁၂ နာရီ ရုံးတက်နိုင်သူ ဖြစ်ရမည်။
– ရုံးတွင်းကိစ္စရပ်များ၏ Confidentiality and Privacy (Data & Personal) ကို တာ၀န်ယူနိုင်သူဖြစ်ရမည်။
– အများနှင့် သင့်မြတ်အောင် နေထိုင် အလုပ်လုပ်ကိုင်နိုင်ရမည်။
– လိုအပ်ပါက အချိန်ပို လုပ်ကိုင်နိုင်ရမည်ဖြစ်သည်။ အချိန်ပိုလုပ်ကိုင်ရမည့် ကိစ္စရပ်များအတွက် အချိန်ပိုကြေး (Overtime Payment) ပေးအပ်ပါမည်။
လျှောက်လွှာပေးပို့ရန် –
လျှောက်လွှာတင်သွင်းသူများသည် မိမိ၏ ကိုယ်ရေးအကျဉ်း နှင့်တကွ ထိုင်းဘာသာပြန်ဆိုခြင်း/ စကားပြန်ဆိုခြင်းနှင့် ပတ်သတ်သော အတွေ့အကြုံများကို ပြည့်စုံစွာရေးသားထားသော CV Form များအား အီးမေးလ်လိပ်စာ: language.nmf@gmail.com သို့ ပေးပို့ပေးပါရန်။
ထိုင်းဘာသာစကားဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Certificate), ဘွဲ့လက်မှတ် (Degree), ဒီပလိုမာလက်မှတ် (Diplomas) များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
– လျှောက်လွှာများတွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ အမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက –
Naw Say
Phone: +66 927833262
Signal: +66 927833262
Email: language.nmf@gmail.com
NEW MYANMAR FOUNDATION