စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၃) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။

မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် ( ၁ )လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၃)သင်တန်းကို လာမည့် (၂၅ရက် ဒီဇင်ဘာလ ) မှ (၂၃ ရက် ဇန်နဝါရီလ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည် နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/မိမိတို့နေအိမ်မှ လာရောက်သင်တန်းတက်၍ဖြစ်စေ တက်ရောက် နိုင်ပါသည်။ ဒီဇင်ဘာလ ၁၈ရက် ညနေ (၅း၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာများ လျှောက်ထားရမည်ဖြစ်ပါသည်။

(သင်တန်းတက်ရောက်ရန်အရွေးချယ်ခံရသည့်သူများကိုသာ ပြန်လည်ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။)

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်

———————————————

သင်တန်းကာလ ။ ။ ဒီဇင်ဘာလ ၂၅ ရက် မှ ဇန်နဝါရီလ ၂၃ ရက်အထိ။ တပတ် (၆)ရက်။ (တနင်္ဂနွေ တရက်ပိတ်ပါသည်)

သင်တန်းအချိန် ။ ။ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။

သင်တန်းတည်နေရာ။ ။ ဟုန်ဖိုင်- မဲဆောက်မြို့။

ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ။ ၈ ဦး။ ( အမျိုးသမီးများ ဦးစားပေးရွေးချယ်မည်။)

သင်တန်းလျှောက်ထားရန် >>

https://forms.gle/9beCeJKa3SsAsiMV8

မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက သင်တန်း တာဝန်ခံ ဖုန်းနံပါတ် 𝟎𝟔𝟑𝟕𝟏𝟕𝟕𝟎𝟑𝟒၊ အီးမေးလ် 𝐤𝐨𝐥𝐰𝐢𝐧𝟒𝟎𝟐𝟓𝟔𝟖@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 သို့ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!