New Myanmar Foundation မှ နှစ်သစ်ကူးအကြို အထိမ်းအမှတ်ပွဲနှင့် အနွေးထည်များ မျှ‌ဝေခြင်းအစီအစဥ်အား ပြုလုပ်ကျင်းပခဲ့ခြင်း

၂၀၂၄ ခုနှစ် ၊ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် နှစ်ကူးအကြို အထိမ်းအမှတ်ပွဲနှင့် အေးချမ်းလှသည့် ဆောင်းရာသီတွင် အများပြည်သူများ အဆင်ပြေသက်သာမှုရှိစေရန် အနွေးအကျီများ မျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

၎င်းနှစ်ကူးကြိုဆိုပွဲအခမ်းအနားတွင် တက်ရောက်ဆင်နွှဲကြသူများနှင့် အနီးအနားတဝိုက်နေထိုင်သူ (အယောက် ၅၀၀ ကျော်)အား ကြာဇံချက်နှင့် အအေး စတုဒီသာကျွေးခြင်း၊ လူအယောက်စေ့ အနွေးထည်များမျှ‌ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

အထိမ်းအမှတ်ပွဲလေးအား New Myanmar Foundation မှ ကမကထပြုလုပ်ခဲ့ကာ ဩစတြေးနိုင်ငံ၊ ဆစ်ဒနီမြို့မှ ကိုရဲ၀င်း+မ၀င်နီမိသားစု၊ ဒေါ်စန်းကျော်ဇောမိသားစု၊ ဒေါက်တာနန်းစီစီ၀င်းမိသားစု၊ မယ်တော်ဆေးခန်းမှ ဒေါက်တာသိန်း၀င်း၊ New Myanmar Foundation မှ ဒေါက်တာစန်းအောင်နှင့် ၀န်ထမ်းများ၊ အခြားအလှူရှင်များမှလည်း အသီးသီးထည့်၀င် လှူဒါန်းခဲ့ကြပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!