၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ စကားဝိုင်းအား ကျင်းပပြုလုပ် ခဲ့ပါသည်။ ပထမဦးစွာ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ 𝗘𝘅𝗰𝘂𝗲𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာ စန်းအောင် နှင့်တကွ စကားဝိုင်းတို့ တက်ရောက်လာသော လူကြီးမင်းများမှ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုနေ့၏ အနှစ်သာရ နှင့် အဓိပ္ပာယ်၊ နောင်အနာဂတ် နိုင်ငံတော်သစ်တွင် ကျင့်သုံး သင့်သည့် တရားမျှတမှုနှင့် တန်းတူညီမျှမှုများ ရရှိနိုင်ရန် ပြင်ဆင်သင့်သည်များအား ဆွေးနွေးဖလှယ် ခဲ့ကြပါသည်။ ထို့နောက်တွင် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲပါသည်။



