ရာထူး : Legal Aid Officer
အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း
လျှောက်လွှာလက်ခံမည့်ကာလ : ၁၇.၂.၂၀၂၅ မှ ၂၆.၂.၂၀၂၅ အထိ
အစမ်းခန့်ကာလ : ၃ လ
လစာ : ဘတ် ၁၅၀၀၀
အစီရင်ခံရမည့်သူ : Project Manager
နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ရန်ရှိသည့် မဲဆောက်တွင် နေထိုင်နေကြသော မြန်မာပြည်သူ/သားများအား ဥပဒေရေးရာအကူအညီပေးရေး အစီအစဉ်အတွက် တာဝန်ခံ တစ်ဦးလိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
မဲဆောက်ရှိ မြန်မာအသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ဖမ်းဆီးခံရခြင်းများ၊ အမှုအခင်းများ၊ မတရား ကျူးလွန်ခံရခြင်းများအတွက် –
ဥပဒေရေးရာ ကျွမ်းကျင်နားလည်ပြီး ဆက်စပ်ကူညီပေးနိုင်ရမည်။
အခြားမြန်မာအဖွဲ့အစည်းများ၊ ထိုင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရမည်။
လိုအပ်သောအတွေ့အကြုံနှင့် အရည်အချင်းများ
ဥပဒေဘွဲ့ရ (သို့) ဥပဒေရေးရာကျွမ်းကျင်သူ
ထိုင်းဘာသာစကား နှင့် English ဘာသာစကား နစ်မျိုးလုံးအား နားလည်ကျွမ်းကျင်ပြီး ရေးတတ်ဖတ်တတ်ပြောတတ်သူဖြစ်ရမည်။
Microsoft Office (Word/Excel, etc.) အသုံးပြုနိုင်သူဖြစ်ရမည်။
ဥပဒေရေးရာ ဆက်စပ်ကူညီမှုနှင့် ပတ်သတ်သော အတွေ့အကြုံ (၁) နှစ် အနည်းဆုံးရှိရမည်။
အများအကျိုးအတွက် တတ်ကြွစွာလုပ်ဆောင်နိုင်ပြီး လူအများနှင့် ဆက်ဆံပြောဆိုရာတွင် ပြေပြစ်သူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လို စိတ်ရှိသူ ဖြစ်ရမည်။
အခြားလိုအပ်ချက်များ
ထိုင်းနိုင်ငံအတွင်း တရား၀င်နေထိုင်ခွင့် အထောက်အထား တစ်ခုခုရှိရမည်။
အစမ်းခန့်ကာလအပါအဝင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။
ဆိုင်ကယ် နှင့် ကားမောင်းနှင်တတ်သူ ဦးစားပေးမည်။
လျှောက်လွှာတင်ရန် : 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
Cover letter နှင့် CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။