New Myanmar Foundationသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးနှင့် ဝင်ငွေရရှိစေရေးကိုရည်ရွယ်လျှက် ထိုင်းဘာသာစကား သင်တန်းများနှင့် အခြေခံမော်တာစက်ချုပ်သင်တန်းများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ ကျင်းပဆောင်ရွက်လျက် ရှိရာ ၎င်းသင်တန်းများအား တာဝန်ယူစီမံခန့်ခွဲမည့် သင်တန်းတာဝန်ခံအရာရှိ (Training Program Manager)ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူနေပါသည်။
ရာထူး – Training Program Manager
လျှောက်လွှာလက်ခံမည့်ကာလ – ၃ရက် ၊ မေလ၂၀၂၅ မှ ၉ ရက် မေလ၂၀၂၅ အထိ
နေရာ – မဲဆောက်
အစမ်းခန့်ကာလ – ၃ လ
အစမ်းခန့်ကာလ လစာ – ၈၀၀၀ ဘတ်
ပုံမှန်လစာ – ၁၀၀၀၀ ဘတ်
အစီရင်ခံရမည့်သူ – Project Manager
ခန့်အပ်မည့်ဦးရေ – (၁) ဦး
လုပ်ဆောင်ရမည့်တာဝန်များ
အခြေခံမော်တာစက်ချုပ်သင်တန်းအတွက်
📌 မဲဆောက်မြို့အတွင်းရှိ အခြေခံစက်ချုပ်သင်တန်းအား စိတ်ဝင်စားမှုရှိပြီး စက်ရုံအလုပ်ရုံများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်လိုသည့်သူများအား သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများပြင်ဆင်ခြင်းနှင့် လူမှုကွန်ယက် များမှတစ်ဆင့် ဖြန့်ဝေခေါ်ယူခြင်း။
📌 သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆိုပေးခြင်းနှင့် သင်တန်း လျှောက်လွှာများအား စိစစ်ခြင်း။
📌 သင်တန်းသားများနေရာထိုင်ခင်းနှင့်ပက်သက်၍ စီစဉ်ပေးခြင်းနှင့် သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဝေမျှခြင်း။
📌 သင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား ဝယ်ယူခြင်းနှင့် သင်တန်းတစ်လျှောက် အဆင်ပြေ ချောမွေ့အောင် စီမံအုပ်ချုပ်ခြင်း။
📌 သင်တန်းသားတက်ရောက်မှုစာရင်းများပြုစုခြင်းနှင့် သင်တန်းပြီးစီးကြောင်းအစီရင်ခံစာများ ရေးသားပြုစုခြင်း။ သက်ဆိုင်ရာ တာဝန်ခံထံ ပြန်လည်တင်ပြခြင်း။
📌 သင်တန်းသားများ၏ သင်တန်းအပေါ် အမြင်၊သဘောထားများ၊ မှတ်ချက်များကောက်ယူဆွေးနွေးခြင်းနှင့် ချိတ်ဆက် ဖြေရှင်းဆောင်ရွက်ပေးခြင်း။
📌 ပေါ်ပေါက်လာသော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်း၊ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။
📌 သင်တန်းပေးခြင်းလုပ်ငန်းတိုးတက်အောင်မြင်စေရန် အဖွဲ့အစည်းများ၊ စက်ရုံများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ လုပ်ငန်းအစီအစဉ်တာဝန်ခံများနှင့် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်ခြင်း။
ထိုင်းဘာသာစကားသင်တန်းအတွက်
📌 ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြပြီး ထိုင်းဘာသာစကားသင်တန်းတက်ရောက်လိုသောမြန်မာပြည်သူများအတွက် သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများပြင်ဆင်ခြင်းနှင့် လူမှုကွန်ယက်များမှတစ်ဆင့် ဖြန့်ဝေခေါ်ယူခြင်း။
📌 သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆိုပေးခြင်းနှင့် သင်တန်းလျှောက်လွှာများအား စိစစ်ခြင်း။
📌 သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဝေမျှခြင်းနှင့် သင်တန်းဆရာ/ဆရာမများနှင့် လက်တွဲ လုပ်ဆောင်ခြင်း။
📌 အွန်လိုင်းသင်တန်းအတွက် လိုအပ်သည့် သင်ကြားမှုအထောက်အကူပြုအရင်းအမြစ်များ တိုးတက် ကောင်းမွန် အောင် တာဝန်ယူဆောင်ရွက်ခြင်းနှင့် သင်တန်းတစ်လျှောက် အဆင်ပြေချောမွေ့အောင် စီမံခန့်ခွဲခြင်း။
📌 သင်တန်းသားတက်ရောက်မှုစာရင်းများပြုစုခြင်းနှင့် သင်တန်းပြီးစီးကြောင်းအစီရင်ခံစာများ ရေးသားပြုစုခြင်း။ သက်ဆိုင်ရာ တာဝန်ခံထံ ပြန်လည်တင်ပြခြင်း။
📌 သင်တန်းသားများ၏ သင်တန်းအပေါ် အမြင်၊သဘောထားများ၊ မှတ်ချက်များကောက်ယူဆွေးနွေးခြင်းနှင့် ချိတ်ဆက် ဖြေရှင်းဆောင်ရွက်ပေးခြင်း။
📌 ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်း၊ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။
📌သင်တန်းပေးခြင်းလုပ်ငန်းတိုးတက်အောင်မြင်စေရန် အဖွဲ့အစည်းများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ လုပ်ငန်းအစီအစဉ်တာဝန်ခံများနှင့် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်ခြင်း။
အတွေ့အကြုံလိုအပ်ချက်
📌 စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ။
📌 အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိသူ။
📌 လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူ။
📌 လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး သင်တန်းများချောမွေ့စွာသင်ကြားနိုင်ရန် စီမံဆောင်ရွက်နိုင်သူ။
📌 စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
📌 အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။
📌 အကျင့်စာရိတ္တ ကောင်းမွန်သူ။
📌 အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
📌 လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
📌 ကား၊ ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။
📌 English စာ တက်ကျွမ်းသူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရန်
လျှောက်ထားလိုသူများသည် newmyanmaroffice@gmail.com သို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲ ပေးပို့ လျှောက်ထားနိုင်သည်။
📌 ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားထားသည့် ကိုယ်ရေးအချက်အလက် ပုံစံ (CV Form မြန်မာဘာသာဖြင့်)၊
📌 ပညာအရည်အချင်းလက်မှတ်များ၊
📌 ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်းဖော်ပြရန်။
အသေးစိတ်မေးမြန်းလိုပါက :
Admin Dept
Phone Number – +66 62 687 4266
Signal Number – +66 62 687 4266
Email – newmyanmaroffice@gmail.com
HR & Admin Department
NEW MYANMAR FOUNDATION