စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသူ/သားနှင့် ဆရာမများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် စကားဝိုင်းကျင်းပ

မေလ (၁၂) ရက်၊ ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသူ/သားနှင့် ဆရာမများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် စကားဝိုင်းအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ( ၁ )မိနစ် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမ အသီးသီးမှ ရင်ထဲခံစားချက်များ၊ ကဗျာရွတ်ဆိုမှုများ နှင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်နေသည့် လုပ်ရပ်များအား ရှုံ့ချပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး မြန်မာပြည်သူလူထုများ အမှန်တကယ်လိုလား တောင့်တနေသည့် ဒီမိုကရေစီအမြန်ရရှိရန် ဆက်လက်ကြိုးစားဆောင်ရွက်ပံ့ပိုးပေးကြရန် နှိုးဆော်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!