ဩဂုတ်လ(၁ ရက်နေ့ မှ ၁၅ရက်နေ့) အတွင်း ရိက္ခာလျှောက်ထားလိုသော ဆရာ/ဆရာမများရှင့်

ဩဂုတ်လ(၁ ရက်နေ့ မှ ၁၅ရက်နေ့) အတွင်း ရိက္ခာလျှောက်ထားလိုသော ဆရာ/ဆရာမများရှင့် ရိက္ခာလျှောက်ထားခြင်းနှင့် ပါတ်သက်၍ Phone, Signal တို့မှ စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြား ပေးနေပါသည်။ ရိက္ခာလျှောက်ထားဖူးသော လူဟောင်းများ အနေဖြင့် Signal မှတစ်ဆင့် ရိက္ခာဖောင်လင့် တောင်းယူရာတွင် ၁-ကြိမ်လာရောက်တောင်းယူပြီးပါက ရိက္ခာတာဝန်ခံဘက်မှ အကြောင်းပြန်ကြားမှု အား စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။ အကြောင်းပြန်ကြားမှု အစီအစဉ်တွင် နေ့စွဲအလိုက်/ အစဥ်လိုက် အကြောင်းပြန်ကြားနေရပါသဖြင့် ၁-ကြိမ် ထက်ပို၍ လာရောက်မေးမြန်းတောင်းယူသူများအနေဖြင့် Signal တွင် နေ့စွဲပြောင်းလဲသွားပါသောကြောင့် Signal ၏ သဘောအရ ပြန်လည်ဖြေကြားရန် အနောက်ရောက်သွားပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ Signalတွင် တစ်ကြိမ်လာရောက် တောင်းယူပြီးပါက စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြပါရန် […]
(၃၆) နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

နေ့စွဲ – ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၈) ရက်။ ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှ အစပြုခဲ့သည့် စစ်အာဏာရှင်စနစ်အား နိုင်ငံတ၀ှမ်း ဆန့်ကျင်ဆန္ဒပြခဲ့ သော ၈၈၈၈ အရေးတော်ပုံနေ့ကြီး (၃၆) နှစ်ပြည့် အထိမ်းအမှတ်ပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၈ စက္ကန့်မျှ ငြိမ်သက်ခြင်း၊ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ […]
𝐂𝐨𝐦𝐢𝐧𝐠 𝐮𝐩 𝐨𝐧 𝐭𝐡𝐞 𝟑𝟔𝐭𝐡 𝐚𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐨𝐟 𝐭𝐡𝐞 𝟖𝟖𝟖𝟖 𝐮𝐩𝐫𝐢𝐬𝐢𝐧𝐠 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫

Join us at The Fort to meet Dr. Sann Aung, pro-democracy activist & Executive Director of New Myanmar Foundation & learn about his lifelong work for democracy in Myanmar. August 8, 6 p.m. English with Thai & Burmese interpretation LIVE on The Fort FB bit.ly/DrSannAung —————————————————- ใกล้จะครบรอบ 36 ปีของเหตุการณ์การลุกฮือ 8888 ในเมียนมา มาพบกับ ดร. สาน อ่อง […]
အခမဲ့အခြေခံမော်တာစက်ချုပ် (၁၂) ရက်ကြာ သင်တန်းအပတ်စဉ် (၄၁) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ်-(၄၁) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၂) ရက်ကြာ သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား New Myanmar Foundation မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ်အလုပ်အကိုင်အား အလွယ်တကူ ရရှိရန် ရည်ရွယ်ဖွင့်လှစ် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထား သောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။ Safe House ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် […]
အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ စ၍ ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ အထိ စုစုပေါင်း လူဦးရေ (၁၉၀၀၀) ကျော်အား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်တွင် ၂၀၂၄ ခုနှစ် ၊ မတ်လ မှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေးကြိုးပမ်းသူများအတွက် နှင့် စစ်မှု မထမ်းလို၍ ပြည်တွင်းမှ မဲဆောက်သို့ရှောင်တိမ်းလာသည့်သူများအတွက်ဟူ၍ ရိက္ခာ လျှောက် ထားမှု ကအား (၂) မျိုး ခွဲ၍ […]
အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ရက်စွဲ။ ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်။ New Myanmar Foundation ၏ ၂၅-၆-၂၀၂၄ မှ ၂၃-၇-၂၀၂၄ ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်ပေးခဲ့သည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်ပညာရပ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကို (၂၃-၇-၂၀၂၄) ရက်နေ့ နံနက် (၁၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၃) ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၂၁) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director Dr. […]
(၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်သ၀ဏ်လွှာ
ခေတ်အဆက်ဆက်ကျဆုံးခဲ့ကြသော အာဇာနည်များအား ရည်စူး၍ ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းကပ်ခြင်းနှင့် စတုဒီသာကျွေးခြင်း

ယနေ့ (၁၉၊ ဇူလိုင်၊ ၂၀၂၄ခုနှစ်) (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ထိုင်း၊မြန်မာနယ်စပ် တနေရာ၌ New Myanmar Foundation နှင့် အဝေးရောက်မြန်မာပြည်သူ ပြည်သားများမှ မြန်မာပြည် လွတ်လပ်ရေး နှင့် ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းတလျှောက်တွင် မိမိတို့၏ အသက်ကို စတေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်အပေါင်းတို့အား ရည်စူး၍ ရဟန်းသံဃာတော် များအား ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းကပ်လှူခြင်းနှင့် အခမ်းအနား တက်ရောက်လာသူများအား ကြက်သားပလာတာ စတုဒီသာကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၇)ရက် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ အထိမ်းအမှတ် သဘောထားပူးတွဲထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၇)ရက် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ အထိမ်းအမှတ် နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီအစဉ် နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ သဘောထားပူးတွဲထုတ်ပြန်ချက်