နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၈) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ မေလ (၂) ရက်နေ့ မှ (၁၃) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၅၈) သင်တန်းဆင်းပွဲ အခမ်း အနား ကို ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့ ညနေ (၀၄: ၃၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၅၈) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ စုစုပေါင်း (၇) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်သီတာ မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံး သွားသော်လည်း […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်အဆောင် အမျိုးသားသီးသန့်အဆောင် နှင့် မိသားစုအဆောင်များ ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် […]
ဥပဒေရေးရာ အကူအညီပေးရေးအစီအစဉ်အတွက် တာ၀န်ခံတစ်ဦး ခေါ်ယူခြင်း

ရာထူး : Protection Officer အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း လျှောက်လွှာလက်ခံမည့်ကာလ : ၆.၅.၂၀၂၅ မှ ၁၃.၅.၂၀၂၅ အထိ အလုပ်တည်နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ အစမ်းခန့်ကာလ လစာ : ၁၂၀၀၀ ဘတ် ပုံမှန်လစာ : ၁၅၀၀၀ ဘတ် အစီရင်ခံရမည့်သူ : Project Manager နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ် မတ်လမှ စတင်၍ ဆောင်ရွက်လျက်ရှိနေသော မဲဆောက်တွင် နေထိုင်နေကြသည့် မြန်မာပြည်သူ/သားများအား ဥပဒေရေးရာအကူအညီပေးရေး အစီအစဉ်အတွက် တာဝန်ခံတစ်ဦး လိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါ အရည်အချင်းုူများနှင့် ကိုက်ညီမှုရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ မဲဆောက်ရှိ မြန်မာအသိုင်းအ၀ိုင်းတွင် […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံကွန်ပျုတာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ မှ မေလ (၂) ရက်အထိ (၇) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော နယူးမြန်မာ ဖောင်ဒေးရှင်း (New Myanmar Foundation) ၏ အခမဲ့အခြေခံကွန်ပျုတာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ မေလ (၂) ရက်နေ့ ညနေ (၀၄ : ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ် ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ ကွန်ပျုတာသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံကွန်ပျုတာသင်တန်း အပတ်စဉ် (၁) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ စုစုပေါင်း (၁၀) ဦး ရှိပါသည်။ သင်တန်းဆရာ ကိုဝီရ မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံး […]
သင်တန်းတာဝန်ခံအရာရှိ (𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫) ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundationသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးနှင့် ဝင်ငွေရရှိစေရေးကိုရည်ရွယ်လျှက် ထိုင်းဘာသာစကား သင်တန်းများနှင့် အခြေခံမော်တာစက်ချုပ်သင်တန်းများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ ကျင်းပဆောင်ရွက်လျက် ရှိရာ ၎င်းသင်တန်းများအား တာဝန်ယူစီမံခန့်ခွဲမည့် သင်တန်းတာဝန်ခံအရာရှိ (Training Program Manager)ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး – Training Program Manager လျှောက်လွှာလက်ခံမည့်ကာလ – ၃ရက် ၊ မေလ၂၀၂၅ မှ ၉ ရက် မေလ၂၀၂၅ အထိ နေရာ – မဲဆောက် အစမ်းခန့်ကာလ – ၃ လ အစမ်းခန့်ကာလ လစာ – ၈၀၀၀ ဘတ် ပုံမှန်လစာ – […]
စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၈) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၈)သင်တန်းကို လာမည့် (၁၄ရက် မေလ မှ ၁၀ ရက် ဇွန်လ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး နှင့် သခွားသီး […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၇) ရက်ကြာ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ” အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၊ နေ့လည် (၁) နာရီတွင် မဲဆောက်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၆) ဦး နှင့် အမျိုးသား သင်တန်းသား (၄) ဦး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ ဦးစွာပထမ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါက်တာစန်းအောင်မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်းသည် အပတ်စဉ် (၁) ဖြစ်ပြီး အခုမှစတင်ဖွင့်လှစ်သည့်အတွက် တချို့အခက်ခဲများရှိနိုင်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ […]
နယူးမြန်မာဖောင်ဒေးရှင်း (𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် 𝐌𝐇𝐏𝐒𝐒 𝐏𝐫𝐨𝐠𝐫𝐚𝐦) အတွက် အကြံပေးသူ (𝐂𝐨𝐮𝐧𝐬𝐞𝐥𝐨𝐫) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတရပ်လည်းဖြစ်ပါသည်။ ပင်မလုပ်ငန်းတာဝန်များ (၁) စိစစ်အကဲဖြတ်မှုလုပ်ငန်းစဉ် – တစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးလိုအပ်ချက်များကို သတ်မှတ်ရန် ကနဦးအကဲဖြတ်မှုများ ပြုလုပ်ခြင်း၊ (၂) အကြံဉာဏ်ပေးမှုလုပ်ငန်းစဉ် – သက်သေအခြေပြု တိုင်ပင်ဆွေးနွေးမှုကုထုံးနည်းလမ်းများ အသုံးပြု၍ တစ်ဦးချင်းစီ အတွက် အကြံဉာဏ်ပေးမှုများ ပြုလုပ်ခြင်း၊ (၃) […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၈) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၅၈)အတွက် သင်တန်းသားသစ် (၁၀)ဦး ထပ်မံ ခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့် အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစု တန်းတူ အခွင့်အရေးများနှင့်အညီ အသက် (၄၀)နှစ်အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ် သွားမည် ဖြစ်ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။) သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် […]
အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၃) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသူနိုင်ငံများ ပညာသင်ကြားမှုနှင့် အလုပ်အကိုင်ရှာဖွေမှု ပြုရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာနိုင်ငံသား/သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် နယူးမြန်မာဖောင်ဒေးရှင်း (𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြော သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၃) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကား ကို စိတ်ပါဝင်စား သင်ယူလိုသော မဲဆောက်အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင်ပါသည်။ သင်တန်းတက်ရောက်ပြီး […]