𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၀) သင်တန်းဖွင့်ပွဲအခမ်းအနား

ပွင့်သစ်ဝေ (BF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၈၀)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ဧပြီလ(၁) ရက်နေ့၊ မနက်ပိုင်း (၁၀:၀၀)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ ပွင့်သစ်ဝေ၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၃)ဦး၊ သင်တန်းသား (၇)ဉီး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗗𝗿 𝗦𝗮𝗻𝗻 𝗔𝘂𝗻𝗴 မှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော […]
စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐫𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩)

မင်္ဂလာပါခင်ဗျာ။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)မှ နှစ်သစ်အကြို ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့််တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ ဧပြီလအတွက် သင်တန်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) အရေးပေါ် စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ မတ်လအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။ 1st-April-2026 ရက်နေ့မှ စတင်၍ […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐇𝐨𝐮𝐬𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း ) စုံစမ်းမေးမြန်းနိုင်ပါသည်။
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ပွင့်သစ်ဝေ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၁) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ ၃၀ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၈၁) အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၂) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (googleform)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် • သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google […]
ပွင့်သစ်ဝေ (𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၉) သင်တန်းဆင်းပွဲ

ပွင့်သစ်ဝေ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ ဦးစီးကျင်းပပြုလုပ်သော (၂၀၂၆ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှ မတ်လ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ညနေ (၄:၃၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ ပွင့်သစ်ဝေ (BLOSSOM FUTURE) ၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၈)ယောက်၊ သင်တန်းသား (၃)ယောက် စုစုပေါင်း(၁၁)ဦးရှိပါသည်။ ပထမဦးစွာ BLOSSOM FUTURE မှ Field Coordinator မသိင်္ဂီမှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်အကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐇𝐨𝐮𝐬𝐢𝐧𝐠 အစီအစဉ်

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ 𝗜𝗻𝗱𝗶𝘃𝗶𝗱𝘂𝗮𝗹 𝗛𝗼𝘂𝘀𝗶𝗻𝗴 (သီးခြားနေရာထိုင်ခင်းထောက်ပံ့ခြင်း) အစီအစဉ်သည် ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများနှင့် အန္တရာယ် အခြေအနေအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော ကိုယ်လက် အင်္ဂါမသန်စွမ်းသူများ၊ နာတာရှည် နာမကျန်းဖြစ်နေသူများ၊ ထိခိုက်ဒဏ်ရာရရှိနေပြီး နေရေးထိုင်ရေး ခက်ခဲနေကြသည့် မြန်မာပြည်သူ/ သားများ၊ မိသားစုများအတွက် အိမ်လခ/ ရေဖိုး/ မီးဖိုး ထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ 𝗜𝗻𝗱𝗶𝘃𝗶𝗱𝘂𝗮𝗹 𝗛𝗼𝘂𝘀𝗶𝗻𝗴 အစီအစဉ်မှ ကူညီပံ့ပိုးပေးမည့် ဝန်ဆောင်မှုများမှာ အစီအစဉ်စတင်သည့်နေ့ရက်မှစ၍ လျှောက်ထားလာသော မိသားစုတစ်စုခြင်းစီ၏ အခက်အခဲ ပေါ်မူတည်၍ မိမိတို့ လက်ရှိငှားရမ်းနေထိုင်နေသည့်အိမ်တွင် အနည်းဆုံး (၃) လမှ အများဆုံး (၆) လထိ အိမ်လခ အပါအဝင် ရေမီတာ၊ […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် (မတ်လ) အတွက် သတ်မှတ်လူဦးရေပြည့်ကြောင်းကြေငြာခြင်း

Blossom Future (ပွင့်သစ်ဝေ) မှ အရေးပေါ်အခြေခံစားနပ်ရိက္ခာထောက်ပံ့ခြင်းအစီအစဉ်၏ (၁၈) ကြိမ်မြောက်ဖြစ်သည့် မတ်လ (၁) လစာအတွက် ဖောင်လျှောက်လွှာလက်ခံ ခြင်းကို (၂-၃-၂၀၂၆) မှ စတင်၍ လုပ်ဆောင်ပေးခဲ့ပါ သည်။ ယခုအခါ မတ်လ အတွက် သတ်မှတ်ဦးရေ ပြည့်သွားပါသဖြင့် အရေးပေါ်အခြေခံစားနပ်ရိက္ခာလျှောက် ထားမှု လက်ခံခြင်းများကို ယာယီရပ်နားထားမည်ဖြစ်ပြီး လာမည့် ဧပရယ်လတွင် လျှောက်ထားရမည့် ရက်အား Blossom Future (ပွင့်သစ်ဝေ) Facebook Page တွင် ပြန်လည်ကြေငြာသွားမည် ဖြစ်ပါကြောင်းအသိပေး အပ်ပါသည်။ ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ ရုံးများ ပိတ်ထား မည်ဖြစ်ပါသည်။ ထို့အပြင် ချွင်းချက်အနေဖြင့် တနင်္ဂနွေနေ့များတွင် ညနေ (၅) နာရီမှ […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ 𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 Program Manager ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း ) စုံစမ်းမေးမြန်းနိုင်ပါသည်။
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ ဖေဖော်ဝါရီ (၁) လစာ အတွက် အခြေခံစားနပ်ရိက္ခာမျှဝေမည့်အကြောင်း သတင်းစကားပါးခြင်း

၂၀၂၆ခုနှစ် ၊ ဖေဖော်ဝါရီ လ သတ်မှတ်ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သည့် လူသစ် များအတွက် ၂၀၂၆ခုနှစ် ၊ ဖေဖော်ဝါရီ (၁) လစာကို ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည် ဖြစ်ပါသည်။ ရိက္ခာသစ်လျှောက်ထားသူ (၂၆၄) ဦးရှိခဲ့ပြီး ရိက္ခာလျှောက် ထားသူများ၏ ထောက်ခံပုဂ္ဂိုလ်များအပြင် Blossom Future (ပွင့်သစ်ဝေ) မှ ရိက္ခာတာဝန်ခံနှင့် Ground Volunteers ၏ သိရှိမှုပေါ်အခြေခံ၍ ရွေးချယ်ခဲ့သော (၂၃၀) ဦးအား (20-March-2026) သောကြာနေ့ (၁) ရက် တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ ယခုလမှ စ၍ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ အိမ်လိုက်ဝေပေးသည့် အစီအစဉ်အား အောက်ဖော်ပြပါ သတ်မှတ်ထားသော (၇) နေရာများအတွက်သာ […]