𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၅)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐉𝐚𝐩𝐚𝐧’𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞-𝐎𝐃𝐀 ၏ ပံ့ပိုးကူညီမှုဖြင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၅) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၊ ညနေ (၄) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၂) ဦး နှင့် အမျိုးသား သင်တန်းသား (၆) ဦး စုစုပေါင်း (၈) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗶𝗲𝗹𝗱 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿 မသိင်္ဂီမှ သင်တန်းသား/သူများ သင်တန်း ဆင်းပြီးနောက် […]
နယူးမြန်မာဖောင်ဒေးရှင်း (𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၄) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့ မှ (၁၅) ရက်အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော နယူးမြန်မာဖောင်ဒေးရှင်း ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၅၄) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ ညနေ (၄ : ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၅၄) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉) ဦး (သင်တန်းသား (၄) ဦး နှင့် သင်တန်းသူ (၅) ဦး) ရှိပါသည်။ သင်တန်းဆင်းပွဲတွင် […]
မတရားဖမ်းဆီးခံရခြင်းများအတွက်ဥပဒေရေးရာ အကူအညီပေးရေးအစီအစဉ်အတွက် တာ၀န်ခံတစ်ဦး ခေါ်ယူခြင်း

ရာထူး : 𝐋𝐞𝐠𝐚𝐥 𝐀𝐢𝐝 𝐎𝐟𝐟𝐢𝐜𝐞𝐫 အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း လျှောက်လွှာလက်ခံမည့်ကာလ : ၁၄.၃.၂၀၂၅ မှ ၂၃.၃.၂၀၂၅ အထိ အလုပ်တည်နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၅၀၀၀ နှင့် အထက် အစီရင်ခံရမည့်သူ : 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ရန်ရှိသည့် ဥပဒေရေးရာအကူအညီပေးရေး အစီအစဉ်အတွက် တာဝန်ခံ တစ်ဦးလိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ မဲဆောက်ရှိ မြန်မာအသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ဖမ်းဆီးခံရခြင်းများ၊ အမှုအခင်းများ၊ မတရား ကျူးလွန်ခံရခြင်းများအတွက် – ဥပဒေရေးရာ […]
၇၆နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာ
ဖုန်းမော်နေ့ အမှတ်တရ ကျင်းပပြုလုပ်ခြင်း
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင်🌟 အမျိုးသမီးသီးသန့်အဆောင်🌟အမျိုးသားသီးသန့်အဆောင် နှင့်🌟 မိသားစုအဆောင်များခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် မီတာခ […]
𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐬 (𝟓-𝐌𝐚𝐫 𝐭𝐨 𝟏𝟏-𝐌𝐚𝐫-𝟐𝟎𝟐𝟓)

5. 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ကြက်ဟင်းခါးသီး – 28 kg , ဗူးသီး – 45 kg , ကန်စွန်းရွက် – 19 kg , ချဉ်ပေါင်ရွက် – 35 kg နှင့် သခွါးသီး – 12.5 kg , ( စုစုပေါင်း – 142 kg ) အား ( မယ်တော်ဆေးခန်း ) သို့ လူဦးရေ – 568 ဦးအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ 6. 2 . 2025 ရက်နေ့တွင် […]
လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး သင်တန်းများအတွက်

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၅ ခုနှစ် ဧပြီလ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချပေးမည့် လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေးသင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်နိုင်ပါသည်။ အဆိုပါသင်တန်းအတွက် ယခုလျှောက်လွှာ ခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို ရွေးချယ်ကာ ဆက်သွယ်တက်ရောက်စေမည် ဖြစ်ပါသည်။ ဤသင်တန်းအစီအစဉ်၌ လူ့အခွင့်အရေးအမြင်ဖွင့်အသိပညာပေးခြင်း နှင့် ဒီဂျစ်တယ်ဘေးကင်း လုံခြုံရေး ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းအကြိမ်ရေနှင့် အချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းကြရပါမည်။ သင်တန်း အချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ရက်တို (တစ်နေကုန်တက်ရောက်ရမည့် သင်တန်း) [မြန်မာစံတော်ချိန် နနက် ၁၀ နာရီ – ၁၂ နာရီ၊ နေ့လည် ၁ နာရီ […]
မတရား သဖြင့် အလုပ်ဖြုတ်ခံရသော စက်ရုံအလုပ်သမား (၁၀၀) အား Arakan Worker

၂၀၂၅ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်ရုံတစ်ခုမှ မတရားသဖြင့် အလုပ်ထုတ်ခံရသော အလုပ်သမား (၁၀၀)ခန့်အား Arakan Worker Organization နှင့် ချိတ်ဆက်၍ New Myanmar Foundation မှ ဆန်နှင့်ပဲတို့ကို လူ (၁၀၀) စာ အရေးပေါ် ရိက္ခာအဖြစ်လှူဒါန်းခဲ့ပါ သည်။ #NEWMYANMARFOUNDATION
စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၆) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၆)သင်တန်းကို လာမည့် (၁၉ရက် မတ်လ) မှ (၁၂ ရက် ဧပြီလ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါ ဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင်တက်ရောက် ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/ မိမိတို့နေအိမ်မှ […]